ဂန့်ဂေါမြို့နယ်တွင် ကြေးသွန်းရုပ်ပွားတော် ၃၁ ဆူ ခိုးယူခံရ
DVB
·
May 31, 2019
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ ကြေးသွန်းရုပ်ပွားတော် ၃၁ ဆူနဲ့ ကြေးသွန်း တိရစ္ဆာန်ရုပ် ၄ ရုပ် ခိုးယူခံရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မေ ၃၀ ရက်နေ့ ည ၇ နာရီခွဲလောက်က ဂန့်ဂေါမြို့နယ်၊ ရွာာမကျေးရွာာ သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းနံရံမှာ ဥမင်ငယ် ၂ ခု ဖောက်ပြီး မှန်ပိတ်ကာ သံဇကာနဲ့ ကာရံပြီး ဌာပနာ ပူဇော်ထားတဲ့ ဉာဏ်တော် ၄ လက်မလောက်စီရှိ ကြေးသွန်းရုပ်ပွားတော် ၃၁ ဆူနဲ့ အမြင့် ၄ လက်မလောက်၊ ထု ၁ လက်မလောက်ရှိ ကြေးသွန်း ဆင်ရုပ်ပါ တိရစ္ဆာန်ရုပ် ၄ ရုပ်တို့ ပျောက်ဆုံးနေပြီး မှန်နဲ့သံဇကာတွေခွာယူ ခိုးသွားတာကို ကျောင်းထိုင်ဆရာတော် ဦးပညာဝံသ (စိစစ်စဲ) က စစ်ဆေးတွေ့ရှိခဲ့တာပါ။
ကြေးသွန်းရုပ်ပွားတော်တွေနဲ့ ကြေးသွန်းတိရစ္ဆာန်ရုပ်တွေ ခိုးယူသွားသူ (စိစစ်ဆဲ)အား ကန်နယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅(ခိုးမှု၊ ဘာသာ သာသနာစော်ကားမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။