Home
မြန်မာသတင်း
ဇာတ်ညွှန်းရေးဆရာ ဆုသြချယ် (ခ) ဦးအေးကို ကင်ဆာရောဂါဖြင့် ကွယ်လွန်
DVB
·
May 31, 2019
ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ ဆုသြချယ် (ခ) ဦးအေးကိုဟာ မေ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီး ရေဝေးသုသာန်မှာ ဒီနေ့ မီးသဂြိုဟ်ခဲ့ပါတယ်။ ဆရာ ဆုသြချယ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်ကာ ကင် ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) က အထူးနိဗ္ဗာန်ယာဉ်နဲ့ နေအိမ်ကနေ ရေဝေးသုသာန်ကို ပို့ဆောင်ပေးခဲ့ပြီး ကျန်ရစ်သူမိသားစုနဲ့ မိတ်ဆွေတွေ၊ သူ့ကို ချစ်ခင်ကြတဲ့ အနုပညာရှင်တွေက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ မြန်မာ့ ဗွီဒီယိုခေတ်ဦးမှာရော ရုပ်ရှင်ကားကြီးတွေမှာပါ ဇာတ်ညွှန်းပေါင်းများစွာကို ရေးသား ခဲ့တဲ့ ဆရာဆုသြချယ်ရဲ့ နာရေးသတင်းအပေါ် ချစ်ခင်ရင်းနှီးကြတဲ့ အနုပညာရှင်တွေကလည်း ၀မ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ ရေးသားခဲ့ကြပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ “မုဒြာရဲ့ခေါ်သံ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အန်ကယ် ဦးဆုသြချယ် ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းရပါတယ်...အန်ကယ် ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်း ပါတယ်..We will miss you par Uncle” လို့ ၀မ်းနည်းကြောင်း ဖော်ပြရေးသားခဲ့ပါတယ်။ ၀ါရင့်သရုပ်ဆောင် ကျော်သူကတော့ “ဇာတ်ကောင်တွေကို ဇာတ်ရုပ်ချပေးခဲ့တဲ့ ဆရာ ဆု သြချယ်ရေ... ခုတော့လည်း ဘ၀ဇာတ်ဆရာက ဆရာ့ကိုလူ့ဘ၀ထဲကနေ အဆုံးသတ်ဇာတ်ရုပ်ချ ပေးခံရပြီလေ။အနိစ္စ ဒုက္ခ အနတ္တ။ ကောင်းရာသုဂတိ လားပါစေ”လို့ ရေးသားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024