အနာဂတ်အရေး ရက်ပိုင်းအတွင်း ဆွေးနွေးဖို့ရှိဟု ချဲလ်ဆီးနည်းပြ ဆာရီ ပြော

အနာဂတ်နဲ့ပတ်သက်ပြီး ရက်ပိုင်းအတွင်း ဆွေးနွေးသွားဖို့ရှိတယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက ဝန်ခံ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနည်းပြ ဆာရီဟာ ဂျူဗင်တပ်အသင်းနဲ့ သတင်းထွက်နေပြီး ဂျူဗင်တပ် ကစားသမားတွေကလည်း ဆာရီ ပြောင်းရွှေ့လာလိမ့်မယ်လို့ ဆိုနေကြတာပါ။ ဒါပေမယ့်လည်း နည်းပြ ဆာရီကတော့ လက်ရှိအချိန်ဟာ အောင်ပွဲခံရမယ့်အချိန်ဖြစ်ပြီး သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတာကိုတော့ ရက်ပိုင်းအတွင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိသေးတာကြောင့် အရာအားလုံးကို ပြန်လည်သုံးသပ်သွားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ချစ်မြတ်နိုးတယ်လို့ ဆာရီက ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဆင့်သုံးနေရာမှာ ရပ်တည်ခဲ့ပြီး လိဂ်ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့သလို ယူရိုပါလိဂ်ဖလားလည်း ရယူနိုင်ခဲ့တာကြောင့် အမြင့်ဆုံးခြေစွမ်း မဟုတ်ပေမယ့် ကောင်းမွန်တဲ့ ရာသီတခု ဖြစ်ခဲ့တယ်လို့ ဆာရီက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up