အမေရိကန်-မက္ကဆီကို နယ်စပ်စည်းရိုး ဆက်မဆောက်ရန် ဟန့်တားခံရ

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ ပထမဆုံးအနေနဲ့ ဆောက်ထားတယ်ဆိုတဲ့ ပုဂ္ဂလိကပိုင် နံရံစည်းရိုး စီမံကိန်းအတွက် လုံလောက်တဲ့ ခွင့်ပြုချက်မရှိလို့ ဆက်မဆောက်ဖို့ ဟန့်တားခံရတယ်လို့ အမေရိကန် ဆောက်လုပ်သူအုပ်စု We Build the Wall က မေလ ၂၉ ရက်မှာ ပြောပါတယ်။ နယူးမက္ကဆီကိုပြည်နယ် ဆန်းလန်းပါ့ခ်မြို့က မြို့တော်ဝန်က We Build the Wall အဖွဲ့ကို ပုဂ္ဂလိကပိုင် မြေပေါ်မှာ နံရံဆက်မဆောက်ဖို့ အမိန့်ပေးခဲ့တာပါ။ ဆန်းလန်းပါ့ခ်ဟာ တက္ကဆက်ပြည်နယ် အယ်လ်ပါစိုမြို့ အနောက်မြောက်ဘက် ၉ မိုင်အကွာ နယူးမက္ကဆီကိုပြည်နယ်နဲ့ မက္ကဆီကိုနိုင်ငံ နယ်စပ်ထောင့်မှာ ရှိနေပါတယ်။ American Eagle Brick ကုမ္ပဏီပိုင် မြေပေါ်မှာ သီတင်းပတ်ကုန်ရက် Memorial Day အထိမ်းအမှတ်နေ့က မိုင်ဝက်ရှည်တဲ့ သံမဏိစည်းရိုး တည်ဆောက်ခဲ့တာပါ။ ဒီနယ်စပ်ပိုင်းဟာ အလယ်အမေရိက ရွှေ့ပြောင်းနေထိုင်သူ မိသားစုတွေ အမေရိကန်နိုင်ငံထဲကို ဝင်ပြီး ခိုလှုံခွင့် စံချိန်တင်အောင် များခဲ့တဲ့ နယ်စပ်ပိုင်းလည်း ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ တရားမဝင် နယ်စပ်ဖြတ်ကူးသူတွေကို အမေရိကန် အရန်စစ်တပ် တပ်ဖွဲ့ဝင်တွေက ဟန့်တားနေတဲ့ ရုပ်သံကို ဧပြီက ဖြန့်ချိအပြီးမှာ ဒီနေရာဟာ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up