သောင်တင်နေသည့်စက်လှေတစီးပေါ်တွင် နွားအကောင် ၂၀ သေဆုံးလျက်တွေ့ရှိ
DVB
·
May 30, 2019
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ စက်လှေပိုင်ရှင် (စိစစ်ဆဲ) ပေါ်မှာ နွားအကောင် ၂၀ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မေလ ၂၈ ရက်နေ့ မနက်ပိုင်းက ကျောက်ဖြူမြို့၊ ဘမလကျွန်းကျေးရွာဆိပ်ကမ်းမှာ စက်လှေ ၁ စီး သောင်တင်နေကြောင်း သတင်းအရ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
နေလင်းစိုး အမည်ပါ အလျား ၅၀ ပေ၊ ဇောက် ၅ ပေခန့်ရှိ စက်လှေမှာ ဝမ်းဗိုက်အတွင်း ရေဝင်ကာ သောင်တင်နေပြီး စက်လှေအတွင်း နွားအကောင် ၂၀ သေဆုံး ပုပ်ပွနေတာကို စစ်ဆေးတွေ့ရှိရတာကြောင့် စက်လှေပိုင်ရှင်၊ နွားပိုင်ရှင်တို့အား စုံစမ်းနေတယ်လို့ သိပါတယ်။