အေဒီအက်စ်အယ်လ် လိုင်း ၂၀၀ ကျော်ခွင့်ပြုပြီးဖြစ်
DVB
·
November 13, 2012
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကနေ ကနဦးတပ်ဆင်ခ ကျပ်ငွေ ၅ သောင်းနဲ့ အေဒီအက်စ်အယ်လ် အင်တာနက်လိုင်းတွေ တပ်ဆင်ပေးမယ်လို့ ကြေညာပြီးနောက် နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ လာရောက်လျှောက်ထားသူ စုစုပေါင်း ၉၀၀ ကျော်ရှိတဲ့အနက် ၂၀၀ ကျော်ကို ခွင့်ပြုပြီးဖြစ်တယ်လို့ သတင်းအချက်အလက်နဲ့ နည်းပညာဌာန အင်ဂျင်နီယာမှူး ဒေါ်ညိုညိုစိမ့်က ဒီဗွီဘီကို ပြောပါတယ်။
ဘယ်လောက် ချပေးမယ်ဆိုတဲ့ အရေအတွက် သတ်မှတ်ထားတာမျိုး မရှိဘဲ အင်တာနက် အသုံးပြုဖို့ အဆင်ပြေတဲ့ ဖုန်းလိုင်းတွေကို ချပေးသွားမယ်လို့ သူက ပြောပါတယ်။
အေဒီအက်စ်အယ်လ် အင်တာနက်လိုင်း လျှောက်ထားရာမှာ တပ်ဆင်မယ့် တယ်လီဖုန်းလိုင်းတွေဟာ အိပ်ချိန်းကနေ ၃ ကီလိုမီတာ (၁ မိုင်ကျော်) ထက် မဝေးတဲ့ နေရာမှာ ရှိဖို့တော့ လိုတယ်လို့ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းကလည်း ရှင်းပြပါတယ်။
လက်ရှိ မြန်မာတနိုင်ငံလုံးမှာ အေဒီအက်စ်အယ်လ်စနစ်နဲ့ အင်တာနက် သုံးစွဲနေသူ စုစုပေါင်း ၄၆၀၀ ကျော်ရှိပါတယ်။