A d v e r t i s e m e n t With Us

ယမုံနာမြစ် ကယ်တင်ရေး

ယမုံနာမြစ်ဟာ အိန္ဒိယနိုင်ငံမှာတော့ ဒုတိယအမြင့်မြတ်ဆုံး မြစ်တစင်းဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ထဲမှာ ညစ်ညမ်းနေတဲ့ အနေအထားက ဆိုးဆိုးရွားရွားဖြစ်နေပြီး၊ မြစ်ထဲက တချို့အပိုင်းတွေဆိုရင် ရေဆိုးမြစ်မြောင်းထဲ ရေတွေအလား ဆိုးရွားနေပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး မြစ်ကို သန့်စင်ဖို့အတွက် ငွေတွေ အလုံးအရင်းနဲ့ ပုံအောခဲ့ပေမယ့် အခြေအနေက ပိုကောင်းမလာဘဲ ပိုဆိုးသွားပါတယ်။ အခုတော့ မြစ်ရေညစ်ညမ်းနေတာကို ထုချေတင်ပြဖို့ အဆင့်အမြင့်ဆုံး တရားရုံးချုပ်ကနေ အစိုးရကို တောင်းဆိုနေပါတယ်။ ဒီအကြောင်း ဘစ္စမေလာ ဂီလနီက သတင်းဆောင်းပါး ပေးပို့ထားပါတယ်။ မယုယမိုးက တင်ပြပေးမှာပါ။

A d v e r t i s e m e n t With Us

More News
Up