Home
မြန်မာသတင်း
လျှပ်စစ်မီးနှင့်ရေ ခြွေတာသုံးစွဲရန် ဗိုလ်ချုပ်မှူးကြီးတိုက်တွန်း
DVB
·
May 29, 2019
လျှပ်စစ်မီးကောင်းမွန်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ပြီး လျှပ်စစ်မီးနဲ့ ရေတို့ကို တန်ဖိုးထား ခြွေတာသုံးစွဲကြဖို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ရန်ကုန်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို မေ ၂၈ ရက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန်မှာ တွေ့ဆုံစဉ်ပြောကြားခဲ့တာလို့ တပ်မတော်ကသတင်း ထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က “လျှပ်စစ်မီးကောင်းမွန်မှု၊ သယ်ယူပို့ဆောင်ရေးကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်မှုနဲ့  လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတို့ရှိမှသာ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုး တိုးတက်နိုင်မယ်။ လျှပ်စစ်မီး၊ ရေတို့ကို တန်ဖိုးထားခြွေတာသုံးစွဲကြဖို့ လိုအပ်တယ်” လို့ပြောပါတယ်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ရဲ့ သားသမီးတွေ ပညာရေး ကောင်းမွန်အောင်ဆောင်ရွက်တာဟာ နိုင်ငံတော်ရဲ့ အနာဂတ်ကောင်းမွန် အောင်ဆောင်ရွက်နေ တာဖြစ်တယ်လို့လည်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ ပြည်သူတွေရဲ့ အစိတ်အပိုင်း တခုဖြစ်လို့ ပြည်သူက အားကိုးရတဲ့တပ်၊ တိုင်းပြည်ကအားထားရတဲ့တပ်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့လည်း တပ်မတော်အကြီးအကဲက ပြောပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024