Home
မြန်မာသတင်း
စစ်မှုထမ်းဟောင်းအိမ်ရာ အရည်အသွေးပြည့်မီအောင် တည်ဆောက်ရန် ကာချုပ်တိုက်တွန်း
DVB
·
May 29, 2019
မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာကို သတ်မှတ်အရည်အသွေးနဲ့ ပြည့်မီအောင် တည်ဆောက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း လိုက်ပါတယ်။ တပ်မတော်သားတွေ အငြိမ်းစား ယူပြီးချိန်မှာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် (လေးထောင့်ကန်)မှာ အကောင်အထည်ဖော်နေတဲ့ စစ်မှုထမ်းဟောင်း အိမ်ရာ စီမံကိန်းကို မေ ၂၇ ရက်က  သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆောက်အဦတွေကို သတ်မှတ်အရည် အသွေး ပြည့်မီအောင် တည်ဆောက်ရန်၊ အိမ်ရာအတွင်း ရေနုတ်မြောင်းတွေ၊ တံတားတွေ စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်၊ စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုတွေ အသိအမြင် တိုးပွားစေဖို့အတွက် ခေတ်မီစာကြည့်တိုက် တလုံး ထည့်သွင်း တည်ဆောက်ရန်၊ ကလေးငယ်တွေအတွက် ကစားကွင်းနဲ့ အပန်းဖြေနေရာတွေ ထည့်သွင်း တည်ဆောက်ရန်နဲ့ အရိပ်ရလေကာပင်တွေ စနစ်တကျစိုက်ပျိုးရန်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသွားတယ်လို့ လည်း ဆိုပါတယ်။ အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှု ထမ်းဟောင်းအိမ်ရာမှာ ၂ဝ၁၇ ခုနှစ်က တပ်မတော်အခြား အဆင့်နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံး ဆောက်လုပ်ပြီးစီးသွားပြီး ၂ဝ၁၈ ခုနှစ်မှာ အခြားအဆင့် နေအိမ်(၂)ခန်းတွဲ (၆)ထပ် ၃ လုံးအား ထပ်မံတည်ဆောက် နေရာမှာ  ၃ဝ ရာခိုင်နှုန်းလောက် ပြီးစီးသွားပြီလို့ သိရပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024