ငလျင်ဒဏ်သင့်သူများကို အန်အယ်လ်ဒီ သိန်း ၁၀၀ လှူဒါန်း
နန်းမြနဒီ
·
November 12, 2012
မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ငလျင်ဒဏ်သင့်သူတွေကို ကူညီနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းလိုက်ပြီး နောက်ထပ်လည်း တိုင်းနဲ့ ပြည်နယ်အလိုက် ကူညီလှူဒါန်းကြဖို့ ဆော်ဩထားပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက အဖွဲ့ချုပ်တာဝန်ရှိသူတွေက တဆင့် သိန်း ၅၀ စီ လှူဒါန်းနိုင်အောင် စီစဉ်ပေးပို့လိုက်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဆိုပါတယ်။
“ဘေးအန္တရာယ်ကျရောက်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းစဉ်တပ်ပြီး ပေးထားတဲ့ ရန်ပုံငွေရှိတယ်။ အဲဒါကို သိန်း ၁၀၀ ထုတ်ပြီး တိုင်း ၂ တိုင်းအတွက် သိန်း ၅၀ စီ ပဏမအနေနဲ့ ကူညီထောက်ပံ့ဖို့ ကျနော်တို့ ပို့လိုက်ပါတယ်။”
ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးကိုလည်း ငွေသား၊ ဆေးဝါး၊ အစားအစာ စသဖြင့် ထည့်ဝင် လှူဒါန်းကြဖို့ ဆော်ဩထားတယ်လို့ သူက ပြောပါတယ်။