A d v e r t i s e m e n t With Us

ပြန်ပေးဆွဲခံရသည့် ဂျပန်နိုင်ငံသားများ နေရပ်ပြန်နိုင်ရေး လက်တွဲလုပ်ဆောင်မည်ဟု ထရမ့်ပြော

မြောက်ကိုရီးယားက လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ပြန်ပေးဆွဲထားတဲ့ ဂျပန်နိုင်ငံသားတွေ နေရပ်ပြန်နိုင်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့အတူ လက်တွဲလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၇ ရက်မှာ ပြောပါတယ်။ ဂျပန်နိုင်ငံကို လေးရက်ကြာခရီးစဉ် ရောက်လာတဲ့ ထရမ့်ဟာ ပြန်ပေးဆွဲခံရသူတွေရဲ့  ဆွေမျိုးသားချင်းတချို့နဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောခဲ့တာပါ။ မြောက်ကိုရီးယားဟာ သူတို့ရဲ့ သူလျှိုတွေကို လေ့ကျင့်မွေးထုတ်ဖို့ ဂျပန်နိုင်ငံသားတွေကို  ပြန်ပေးဆွဲခဲ့တာလို့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေက ပြောပါတယ်။ မြောက်ကိုရီးယားက သူတို့အေးဂျင့်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ဂျပန်နိုင်ငံသား ၁၃ ယောက်ကို ပြန်ပေးဆွဲခဲ့တယ်လို့ ၂၀၀၂ ခုနှစ်မှာ ဝန်ခံခဲ့ပါတယ်။ အဲဒီထဲက ၈ ယောက်ဟာ သေသွားခဲ့ပြီး နောက်ထပ် ၄ ယောက်ဟာ မြောက်ကိုရီးယားကို ပြန်မလာတော့ဘူးလို့ မြောက်ကိုရီးယားက ပြောပါတယ်။ ကျန်နေတဲ့ ပြန်ပေးဆွဲခံခဲ့ရသူအားလုံး မိခင်နိုင်ငံကို ပြန်ရောက်တဲ့အထိ မရပ်မနား ဆက်ကြိုးစားသွားဖို့ ကတိပြုခဲ့ပြီး ထရမ့်ရဲ့ အကူအညီကိုလည်း ရဖို့ ကြိုးစားသွားမယ်လို့ ရှင်ဇိုအာဘေးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up