Home
မြန်မာသတင်း
တိုယိုတာကား ကုမ္ပဏီ မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်မည်
DVB
·
May 27, 2019
တိုယိုတာကား ကုမ္ပဏီက မြန်မာနိုင်ငံမှာ စက်ရုံတည်ဆောက်ပြီး ကားတွေ တပ်ဆင်ထုတ်လုပ်ဖို့  စီစဉ်နေတယ်လို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။ စက်ရုံကို ရန်ကုန် သီလ၀ါစီးပွားရေးဇုန်မှာ တည်ဆောက်မှာ ဖြစ်ပြီး စက်ရုံတည်ဆောက်ရေးကို ဒီနှစ်ထဲမှာ စတင်လိမ့် မယ်လို့လည်း သတင်းမှာ ရေးသား ထားပါတယ်။ တိုယိုတာကားတွေကို ၂၀၁၈ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ အစီးရေ ၁၇၅၀၀ ရောင်းချရပေမယ့်လည်း ဒီပမာဏဟာ ၂၀၁၇ခုနှစ်က ထက်စာရင် ၂ ဆ တိုးပြီး ရောင်းခဲ့ရပါတယ်။ လောလောဆယ်မှာ တိုယိုတာက မြန်မာကို တနှစ်ကို ကားအစီးရေ ၂၀၀၀ လောက် တင်ပို့နေပေမယ့် မြန်မာရဲ့ ကားဈေးကွက်က အလားအလာရှိတယ်လို့ တိုယိုတာဘက်က တွက်ဆထားပါတယ်။ ဒါ့အပြင် မြန်မာရဲ့စီးပွားရေးဟာ တိုးတက်နေပြီး  တနှစ်ကို ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ တိုးတက်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ လတ်တလောမှာတော့ မြန်မာကားဈေးကွက်မှာ နစ်ဆန်း၊ ဖို့ဒ်၊ ဆူဇူကီး၊ ဟွန်ဒိုင်း၊ ကေအိုင်အေ စတဲ့ ကားကုမ္ပဏီ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024