မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့်ပုံများ ဖော်ပြနေမှု အကြောင်းကြား
DVB
·
November 12, 2012
ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်တချို့က မိန်းကလေးပုံတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတဲ့အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်နိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ) ကို စာပေးပို့ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။
အရင်ကဆို ဒီလို ဖော်ပြမှုတွေကို စာပေစိစစ်ရေးဌာနက ခေါ်ယူသတိပေးတာ အပါအ၀င် အရေးယူမှုတွေ လုပ်ခဲ့ဖူးပါတယ်။ အဲဒီစာမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့ ဂျာနယ်ပါ အမျိုးသမီးပုံ ၁၂ ပုံကိုပါ နောက်ဆက်တွဲ ပူးတွဲဖော်ပြခဲ့ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) တွဲဖက်အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်းဆီ ပေးပို့ထားတယ်လို့ သိရပါတယ်။
ဒီကိစ္စ စာနယ်ဇင်းကောင်စီ (ယာယီ) ကော်မတီ အဖွဲ့ဝင်တယောက်ကို မေးမြန်းရာမှာ အစည်းအဝေး မလုပ်ရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။