Home
သတင်းဓာတ်ပုံ
ချောက်​တွင်​ မီးသတ်တပ်ဖွဲ့က မီးဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့် (ဓာတ်ပုံ)
DVB
·
May 26, 2019
ချောက်မြို့မဈေး မီးဘေးအန္တရာယ် ကာကွယ်ရေးအနေနဲ့ မေလ ၂၆ ရက် မနက် ၁၁ နာရီအချိန်က မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာဌာနတွေနဲ့အတူ တာဝန်​​နေရာ တိကျ​စေ​ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်​ခဲ့ပါတယ်​။ မီးသတ်ဦးစီး ဦးစိုးညွှန့်က မီးဘေးအန္တရာယ်ကျရောက်လာပါက သက်ဆိုင်တဲ့ဌာနတွေ ဖြစ်တဲ့ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးဘေးလုံခြုံရေးအဖွဲ့၊ စည်​ပင်​အဖွဲ့တွေနဲ့ လျှပ်စစ်ဌာနတို့က မိမိတို့ရဲ့ လုပ်ငန်းတာဝန်အသီးသီးကို ကြိုတင်လေ့ကျင့် ဇာတ်တိုက်တာလို့ ပြောပါတယ်​။ ''မိမိက လုပ်ရမယ့်လုပ်ငန်းတွေကို ကိုယ်စီကိုယ်ငလုပ်ခြင်းအားဖြင့် မီးငြှိမ်းသတ်တဲ့ နေရာမှာ ပိုမိုထိရောက် အောင်မြင်စွာသတ်နိုင်ဖို့ ကြိုတင်ဇာတ်တိုက်လေ့ကျင့်တာ။” ဇာတ်တိုက်လေ့ကျင့်မှုမှာ မြို့မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ရေနံမီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ မနောဖြူလူမှုကူညီရေးအသင်း ရေသယ်ယာဉ် ၁ စီး၊ ပုဂ္ဂိုလ်ကပိုင် ရေသယ်ယာဉ် ၃ စီး၊ လူနာတင်ယာဉ် ၂ စီးတို့နဲ့ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်​။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်၊ ကြက်ခြေနီ တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နဲ့ စုစုပေါင်းလူဦးရေ ၁၄၀ ခန့် ဇာတ်တိုက်လေ့ကျင့်တာတွေ ပြုလုပ်ခဲ့တယ်​လို့ သိရပါတယ်​။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024