A d v e r t i s e m e n t With Us

အရန်ဆန် ၀ယ်ပေမယ့် တောင်သူများ မျှော်မှန်းသည့်ဈေးနှုန်း ရမည်မဟုတ်

လာမယ့် ဒီဇင်ဘာလကစ အရန်ဆန် တန် ၅ သောင်းအတွက် စပြီးဝယ်ယူတော့မယ် ဆိုပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောသလို တောင်သူတွေ ရသင့်တဲ့ ဈေးနှုန်းတခုတော့ ရနိုင်ဦးမှာ မဟုတ်သေးဘူးလို့ အရန်ဆန်ဝယ်ယူရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ဒီလိုဖြစ်ရတာဟာ အရန်ဆန် ၀ယ်ယူရေးကော်မတီအနေနဲ့ ၀ယ်ယူမယ့် ငွေကြေးအခက်အခဲရှိတာ၊ တနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ စီမံချက် မထားနိုင်တာ၊ ဆန် သိုလှောင်နိုင်တဲ့ ဂိုဒေါင်တွေ မရှိတာ၊ ဆန်ဝယ်ယူရေးကော်မတီမှာ ၀န်ထမ်းမရှိတာ တွေကြောင့်လို့ သူက ရှင်းပြပါတယ်။ လက်ရှိ အရန်ဆန်ဝယ်ယူရေးအတွက် အစိုးရက ထုတ်ပေးငွေ ကျပ် ၁၀ ဘီလီယံ၊ သမ၀ါယမ က ကျပ် ၁ ဘီလီယံနဲ့ ပုဂ္ဂလိက က စိုက်ထုတ်ငွေ ကျပ် ၃ ဒဿမ ၅ ဘီလီယံ စုစုပေါင်း ၁၄ ဒဿမ ၅ ဘီလီယံပဲ ရှိပြီး ဒီငွေဟာ မလုံလောက်ဘူးလို့ ဆိုပါတယ်။ အရန်ဆန် ၀ယ်ယူရေးအတွက် ဆန်ပေးသွင်းမယ့်သူတွေကို တင်ဒါစနစ်နဲ့ ခေါ်ယူမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မကြာခင် ဆွေးနွေးသတ်မှတ်သွားမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up