ပြင်သစ်ကလပ် ပီအက်စ်ဂျီနည်းပြ စာချုပ်သက်တမ်းတိုး

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက လက်ရှိ နည်းပြ တော်မတ်စ် ထာရှော ကို စာချုပ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။ စာချုပ်သစ်ကြောင့် ပီအက်စ်ဂျီ နည်းပြဟာ အသင်းမှာ ၂၀၂၁ ဇွန်လအထိ ရှိနေမှာပါ။ ဂျာမန်လူမျိုး နည်းပြ ထာရှော ဟာ ပြင်သစ်ကလပ်ကို ပြီးခဲ့တဲ့နှစ်မှာ တာဝန်ယူခဲ့တာပါ။ သူဟာ ပထမရာသီမှာပဲ ပီအက်စ်ဂျီကို ပြင်သစ်အမှတ်ပေး ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ကွာတားအဆင့်ကနေ လှည့်ပြန်ခဲ့ရသလို ပြင်သစ်ဖလား ဗိုလ်လုပွဲမှာလည်း ရမ်နက်စ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ထာရှော တာဝန်ယူတဲ့ ပထမရာသီမှာ ပြင်သစ်အမှတ်ပေး ချန်ပီယံဆု တခုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up