Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း မိုးစပါးချေးငွေ ကျန်သန်း ၄ သောင်းခွဲ ထုတ်ပေးရန် လျာထား
DVB
·
May 25, 2019
မွန်ပြည်နယ်မှာ အခုနှစ်ရဲ့ မိုးစပါးချေးငွေကို ကျပ်သန်းပေါင်း ၄၅၀၀၀  အထိ ထုတ်ချေးပေးဖို့ လျားထားတယ်လို့ မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ပြည်နယ် မန်နေဂျာက ပြောပါတယ်။ အခုလို ထုတ်ချေးနိုင်ဖို့အတွက် မေလပထမအပတ်ကစပြီး သက်ဆိုင်ရာ ပြည်နယ်ဘဏ်အပါအဝင် ခရိုင်နဲ့ မြို့နယ်ဘဏ်တွေကို ခွဲတမ်းအသီးသီး ချမှတ်ပေးထားကာ မြို့နယ်ဘဏ်ခွဲတချို့ကတော့ မေ ၆ ရက်နေ့ကစပြီး ချေးငွေ ထုတ်ချေးပေးနေတာဖြစ်ပြီး သြဂုတ်လကုန်အထိ ထုတ်ချေးပေးဖို့ စီစဉ်ထားတယ်လို့ မွန်ပြည်နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောပါတယ်။ မိုးစပါး ချေးငွေကို လယ် ၁ ဧက ကျပ် ၁ သိန်းခွဲနှုန်းနဲ့ ထုတ်ချေးပေးနေတာ ဖြစ်ပြီး တောင်သူတဦးကို အများဆုံး လယ် ၁၀ ဧက အထိ ချေးငွေ ထုတ်ပေးနေတာပါ။ ဒီလို ချေးငွေထုတ်ပေးတဲ့နေရာမှာ တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာမြေပိုင်ဆိုင်ကြောင်း ထောက်ခံချက် ပုံစံ ၇ မူရင်းကို သက်ဆိုင်ရာဘဏ်ခွဲတွေဆီ တင်ပြရတယ်လို့ ချေးငွေယူခဲ့တဲ့ တောင်သူ ဒေါ်သီတာလှိုင်က ပြောပါတယ်။ ဒီချေးငွေတွေကို မတ်လကုန် နောက်ဆုံးထားပြီး ပြန်လည် ပေးဆပ်ရမှာပါ။ မွန်ပြည်နယ်မှာတော့ ချေးငွေ ပြန်မဆပ်နိုင်တဲ့ တောင်သူတွေ မရှိဘူးလို့ ဆိုပါတယ်။ မွန်ပြည်နယ်ဟာ နှစ်စဉ် မိုးစပါး စိုက်ဧကပေါင်း ၇ သိန်း နီးပါးကို စိုက်ပျိုးနေတဲ့ ပြည်နယ် တခု ဖြစ်ပါတယ်။ ဇော်လွင်ထွတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024