Home
မြန်မာသတင်း
ဟင်္သာတမြို့တွင် မီးလောင်၊ နေအိမ် ၂ လုံးဆုံးရှုံး
DVB
·
May 25, 2019
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ မေလ ၂၄ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၂ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဟင်္သာတမြို့ ရေတံခွန် ၄ လမ်းမှာရှိတဲ့ ဓာတ်တိုင်မီးကြိုးကနေ ဝါယာရှော့ဖြစ်ကာ မီးလောင်ပြတ်ကျပြီးနောက် နေအိမ်အတွင်းပိုင်းထဲက မီးခိုးတွေထွက်လာကာ မီးလောင်ကျွမ်းခဲ့တာလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။ အဲဒီလို မီးလောင်ကျွမ်းခဲ့တဲ့အတွက် နေအိမ် ၂ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင်ဆုံးရှုံးခဲ့ရပြီး ခန့်မှန်းတန်ဖိုး ၄၃ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ အဲဒီလိုမီးလောင်ခဲ့တဲ့အတွက် မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကိုတော့ ဟင်္သာတမြို့နယ်ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဟင်္သာတမြို့နယ်ထဲမှာ မီးလောင်ကျွမ်းမှုဟာ ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024