ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် တိုက်စစ်မှူး ဟယ်ရီကိန်း ပါဝင်နိုင်ရန် နည်းပြ မျှော်လင့်

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဟယ်ရီကိန်းပါဝင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေကြောင့် အနားယူခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပြန်လည်သက်သာ လာတာကြောင့် အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ဇွန်လ ၁ ရက်မှာကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ဟယ်ရီကိန်းအနေနဲ့ ကြံ့ခိုင်မူအပြည့်နဲ့ ကစားနိုင်မလားဆိုတာကို နည်းပြပိုချက်တီနိုက ပြောကြာသွားခဲ့ပါတယ်။ စပါးအသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ဗာတွန်ဂန်၊ဆန်းချက်ဇ်တို့ဟာ လေ့ကျင့်ရေးပြန်ဆင်း နေပြီလို့သိရပါတယ်။ ဒါပေမယ့် ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မူရမလားဆိုတာကတော့ ဇွန်လ ၁ ရက်မတိုင်ခင်မှာ စောင့်ကြည့်သွားရမယ်လို့ ဆိုပါတယ်။

More News
Up