ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ရာထူးက နုတ်ထွက်မည်ဟု ကြေညာ

1.4K
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ မေလ ၂၄ ရက်နေ့က ကြေညာလိုက်ပါတယ်။
တချိန်က အီးယူအဖွဲ့ဝင်နိုင်ငံ ဖြစ်တာကို မထောက်ခံတဲ့ မေဟာ ဗြိတိန်ကို အီးယူကနေ ခွဲထွက်ရေး ဦးဆောင်ခဲ့ပြီး ကွဲပြားမှုတွေကို ကုစားမယ်ဆိုတဲ့ ကတိကဝတ်တွေ မဖြည့်ဆည်းနိုင်ဘဲ ရာထူးက ဆင်းပေးခဲ့တာပါ။
ဝန်ကြီးချုပ် မေဟာ ပါလီမန်အတွင်း ဘရက်ဇစ် သဘောတူညီချက်ရရေး ကြိုးပမ်းရာမှာ သဘောတူညီချက် မရတာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရတာပါ။ မေရာထူးက နုတ်ထွက်တာဟာ ဘရဲဆစ် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေမှာပဲ ဖြစ်ပါတယ်။
ရာထူးက နုတ်ထွက်တော့မယ်ဆိုတဲ့ ကြေညာချက်မှာ “ကျမ ချစ်မြတ်နိုးတဲ့နိုင်ငံကို အလုပ်အကျွေးပြုခွင့် ရခဲ့ပါတယ်” ဆိုတဲ့ နောက်ဆုံးစာကြောင်းကို ဝန်ကြီးချုပ် မေက ဆိုနင့်ကြေကွဲစွာ ပြောကြားခဲ့ပါတယ်။
လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ကွန်ဆာဗေးတစ်ခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ် ထရီဆာမေက ကြေညာခဲ့ပါတယ်။