ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်ကို ရာဇဝတ်မှုစွဲချက် ၁၇ ခုဖြင့် စွဲချက်တင်

ဓာတ်ပုံ - Getty Images
1.1K
ဝီကီလိခ်တည်ထောင်သူ ဂျူလီယန် အက်ဆန်ကို အမေရိကန် တရားရေးဌာနက ရာဇဝတ်မှု စွဲချက် ၁၇ ခုနဲ့ မေလ ၂၃ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။
တရားရေးဌာနက အက်ဆန်ဟာ လျှို့ဝှက်သတင်းရင်းမြစ် နာမည်တွေကို တရားမဝင် ဖော်ပြပြီး လျှို့ဝှက်သတင်းအချက်အလက် ရယူရာမှာ ထောက်လှမ်းရေးကျွမ်းကျင် ချယ်ဆီးလ်မန်းနင်းနဲ့ ပူးပေါင်းကူညီခဲ့တယ်လို့ ပြောပါတယ်။
အခုအခါ အက်ဆန်ဟာ စုစုပေါင်း ပြစ်မှု ၁၈ မှုနဲ့ စွဲချက်တင်ခံထားရပြီး တကယ်လို့ ပြစ်မှုထင်ရှားရင် သူဟာ ဆယ်စုနှစ်များစွာ ထောင်ဒဏ်ကျခံရမှာပါ။
အက်ဆန်ကို သူလျှိုမှု ပြစ်မှုတွေနဲ့ စွဲချက်တင်တဲ့ ဆုံးဖြတ်ချက်ဟာ ထူးခြားပါတယ်။
အကြောင်းကတော့ လျှို့ဝှက်သတင်းအချက်အလက်ခိုးမှု အပါအဝင် အမှုအတော်များများဟာ ချယ်ဆီးလ်မန်းနင်းတို့လို အစိုးရအမှုထမ်းတွေကိုပဲ ပစ်မှတ်ထားပြီး အဲဒီသတင်းအချက်အလက် ထုတ်ဝေသူတွေကို ပစ်မှတ်မထားလို့ဘဲ ဖြစ်ပါတယ်။