Home
မြန်မာသတင်း
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ရဟန်းဝတ်
နန်းမြနဒီ
·
May 24, 2019
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူအား ရည်စူးပြီး ဒီကနေ့မနက်က ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှာ ဒုလ္လဘ ရဟန်းဝတ်ခဲ့ပါတယ်။ သူရဲ့ မိခင်ဖြစ်သူ မယ့်ထောဝ့်ကျန်းခမ်း (အသက် ၈၆) နှစ်ဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်ပြီး မေ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ဒီကနေ့မနက် ၁၀ နာရီမှာတော့ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ ကွယ်လွန်သူမိခင်အားရည်စူးပြီး မဲ့တိုင်မြို့နယ် ဆန်မဟာဖိုးအုပ်စုရှိ တိယဆဌာန်ကျောင်းတိုက်မှာ ရဟန်းဝတ်ခဲ့တာပါ။ အရှင်ဆုမနိုးဆိုတဲ့ ရဟန်းဘွဲ့အမည်ရ စ၀်ယွက်စစ်ဟာ ရဟန်းဘောင်ကို ယာယီဝင်ရော က်ခြင်းသာဖြစ်ကြောင်း၊ ဘယ်နှစ်ရက်ဝတ်မလဲဆိုတာတော့မသိသေးဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဥက္ကဋ္ဌကြီးက ယာယီရဟန်းဝတ်တာပါ။ ဘယ်နှစ်ရက်ဝတ်မလဲဆိုတာတော့ အကန့်အသတ်မရှိသေးဘူး။ နေ့တိုင်းတရားထိုင် ဘ၀နာပွါးမယ်လို့သိရတယ်။ ကြီးလေးတဲ့ စစ်ရေး၊ နိုင်ငံရေးတာဝန်ထမ်းဆောင်လာတဲ့ ဥက္ကဋ္ဌကြီး အနေနဲ့ ခုလိုရဟန်းဘ၀ တရားထိုင်တဲ့ အခါ မိခင်ကျေးဇူးဆပ်ရာလည်းရောက်တယ်၊ ပြီးတော့ သမာဓိတွေ ပိုရလာမယ်။ သူ့ရဲ့လုပ်ငန်း တာဝန်မှာ စိတ်ခံစာမှုတခုတည်းနဲ့ အလုပ်လုပ်လို့မရဘူးလေ၊ သတိ၊ ၀ိရိယ၊ သီလတွေနဲ့ပါ လု ပ်ကိုင်ရတော့  ခုလိုရဟန်းဝတ်တာ သိပ်ကောင်းတာပေါ့” စ၀်ယွက်စစ်ရဲ့  မိခင် မယ့်ထောဝ့်ကျန်းခမ်းဟာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး  မိုင်းယိုင်းရွာကဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှ သူတို့ရွာမှာ တိုက်ပွဲတွေဖြစ် ရွာမီးရှို့ခံရလို့  ထိုင်းနယ်စပ်ဘက်ထွက်ပြေး ခိုဝင်လာတာဖြစ်ပါတယ်။ သားသမီး ၈ ယောက် ရှိပြီး ဗိုလ်ချုပ်ကြီး ယွက်စစ်က သားအကြီးဆုံးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024