Home
မြန်မာသတင်း
အာဖရိကသုံးနိုင်ငံနှင့် မြန်မာ သံတမန်ဆက်သွယ်မှု ထူထောင်
DVB
·
May 24, 2019
အာဖရိကနိုင်ငံတွေဖြစ်တဲ့  ဘီနင်သမ္မတနိုင်ငံ၊ ကွန်ဂို သမ္မတနိုင်ငံ၊ တိုဂိုသမ္မတနိုင်ငံတို့နဲ့  မြန်မာနိုင်ငံအကြား သံတမန်ဆက်သွယ်မှု တိုးချဲ့ထူထောင်ဖို့ ပြည်ထောင်စုလွှတ်တော်က မေ ၂၃ ရက်မှာ သဘောတူလိုက်ပါတယ်။ အစိုးရ သက်တမ်း (၃)နှစ်တာ ကာလ အတွင်း မော်လ်တာ၊ အီကွေဒို၊ မာရှယ် ကျွန်းစုနိုင်ငံ၊ ဟိုလီဆီးလ်၊ လိုက်ဘေးရီးယား၊ ဂီနီ၊ ဆေးရှဲလ် စတဲ့ မိတ်ဖက်သစ်နိုင်ငံ ၇ နိုင်ငံနဲ့ သံတမန်ဆက်သွယ်ထူထောင်နိုင်ခဲ့ပြီးဖြစ်လို့ အစိုးရသစ်လက်ထက် နိုင်ငံ ၁၀ နိုင်ငံနဲ့ သံတမန်ဆက်သွယ်ထူထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သံတမန် ဆက်သွယ်မှုတွေ တိုးချဲ့ ထူထောင်နိုင်ခဲ့တာကြောင့် ဒီနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၁၂၄ နိုင်ငံနဲ့ သံတမန် အဆက်အသွယ်ထူ ထောင်ထားရှိပြီးဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့အနှံ့ မြန်မာသံရုံး ၃၅ ရုံး၊ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး ၃ ရုံးနဲ့  ကောင်စစ်ဝန်ချုပ်ရုံး ၆ ရုံး၊ စုစုပေါင်း ၄၄ ရုံးကို ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။ အခုနှစ်အတွင်းမှာလည်း  လက်တင်အမေရိက၊ ကာရေဗီယံဒေသတွင်းနိုင်ငံတွေနဲ့  ထိတွေ့ ဆက်သွယ်မှုတိုးမြှင့်ဖို့ ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာ မြန်မာသံရုံးသစ် တိုးချဲ့ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အလားတူ  အလယ်ပိုင်း၊ အရှေ့ပိုင်းဥရောပနိုင်ငံတွေနဲ့  ထိတွေ့ဆက်သွယ်မှု တိုးမြှင့်ဖို့ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ မြန်မာသံရုံးသစ် တိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024