ကျောက်ဆည်မြို့တွင် ယောက်ျားကာမအားတိုးဆေးအတုများ ဖမ်းမိ
DVB
·
May 24, 2019
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဆူကုန်းရပ်ကွက်က နေအိမ်တလုံးမှာ အမျိုးသား ကာမအားတိုးဆေးဝါးအတုတွေ၊ ထုတ်လုပ်တဲ့ စက်နဲ့ ဆက်စပ်ဓာတုပစ္စည်းတွေ မေ ၂၃ ရက်က ဖမ်းဆီးမိခဲ့ပါတယ်။
ဆူးကုန်းရပ်ကွက်နေ ထွန်းလင်း (ခ) ဂျူးဂျုး နေအိမ်ကို ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမိခဲ့တာပါ။
ကိုထွန်းလင်း (ခ) ဂျူးဂျုးကို ကျောက်ဆည်ရဲစခန်းက အမျိုးသားဆေးဝါးများ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့် အရေးယူထားပါတယ်။