ဘရာဇီးလက်ရွေးစင် ကစားသမား ရွေးချယ်ရာတွင် အိပ်မပျော်သည်အထိ ခေါင်းခဲခဲ့ဟု နည်းပြပြော

ဘရာဇီး လက်ရွေးစင်အသင်းအတွက် ကစားသမား ရွေးချယ်ရာမှာ ကစားသမားကောင်းတွေ များတာကြောင့် အိပ်မပျော်ခဲ့တဲ့အထိ ခေါင်းခဲခဲ့ရတယ်လို့ အသင်းနည်းပြ တိတီက ပြောကြားလိုက်ပါတယ်။ ဘရာဇီးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ ကစားဖို့အတွက် လက်ရွေးစင် ကစားသမား ၂၃ ဦးစာရင်းမှာ လီဗာပူးမှာ ခြေစွမ်းပြခဲ့တဲ့ ဖာဘင်ညို၊ ချဲလ်ဆီးက ဝီလီယံ၊ ဝက်စ်ဟမ်းက ဖိလစ်ပီအန်ဒါဆန်၊ စပါးက လူးကပ်စ်မော်ရာ၊ ဂျူဗင်တပ်က ဒေါက်ကလပ် ကော်စတာ၊ ရီးရဲလ်လူငယ်တိုက်စစ်မှူး ဗင်းဆင့်ဂျူနီယာနဲ့ နောက်ခံလူ မာဆယ်လို စတဲ့ ကစားသမားကောင်းတွေကို ချန်လှပ်ခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြတိတီအနေနဲ့ ခြေစွမ်းပြနေတဲ့ ကစားသမားတွေဖြစ်တဲ့ အေဂျက်ဇ်က နီရက်စ်၊ အဲဗာတန်က ရစ်ချာလီဆန်တို့ကိုတော့ ရွေးချယ်ခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်တွေအဖြစ် လာမယ့် ဇွန်လ ၁၄ ရက်မှာ ဘိုလီးဗီးယားနဲ့ စတင်ကစားရမှာဖြစ်ပြီး ဗင်နီဇွဲလား၊ ပီရူးအသင်းတွေနဲ့ ဆက်ပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up