အထက်​မင်းလှတွင် ​ဆီ​ဘောက်​ဆာ ၂ စီး မီး​လောင်

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းလှမြို့နယ်၊​ ကုန်းကြီးဆီခြံကုန်းမှာ ​မေ ၂၂ ရက်​​ မွန်း​လွဲပိုင်းက ဆီဘောက်ဆာကား ၂ စီး ​ရေနံစိမ်းလှယ်​ရာက​နေ မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်။ မင်းလှမြို့နယ်​ မီးသတ်​ဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဦး​ဝေ​ဖြိုး​အောင်​က  “ကုန်းကြီးဆီခြံကုန်းရှိ ကိုသက်​ပိုင်​တဲ့ဆီခြံမှာ ​ပေပါထဲက ​ရေနံစိမ်း​တွေကို ပိုက်​နဲ့ ဆီကန်​အတွင်းကို လှယ်​ရာ ဆီပိုက်​သံ​ကောက်​နဲ့ သံကန်​ပွတ်​တိုက်​ရာက​နေ မီး​လောင်​မှုဖြစ်​ပွားတာပါ။ မီး​လောင်​ ကျွမ်းရာ​နေရာကို မီးသတ်​တပ်​ဖွဲ့ဝင်​ ၁၂ ဦး၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​ ၅ ဦးမှ မီးသတ်​​ရေသယ်​ယာဉ်​ သုံးစီးနဲ့ သွား​ရောက်​ငြိမ်းသတ်​​ပေးခဲ့တာပါ” လို့ ​ပြောပါတယ်​။ မီး​လောင်​ကျွမ်းမှု​ကြောင့် ၂၂ ဘီးအဖြူ​ရောင်​တွဲကာ ​ခေါင်းခြမ်း ​တန်​ဖိုး ကျပ်​သိန်း  ၂၈၀ လောက်နဲ့ ၁၂ ဘီးအဖြူ​ရောင်​ ​ဘောက်​ဆာ အ​နောက်​ဘက်​ခြမ်းတာယာ ၉ လုံး တန်​ဖိုး သိန်း၂၀ ကျပ်​လောက်၊စုစု​ပေါင်း ကျပ်​သိန်း သုံးရာနဲ့ သုံး​သောင်းဖိုး မီး​လောင်​ ဆုံးရှုံးခဲ့တယ်​လို သိရပါတယ်။ မင်းလှမြို့မရဲစခန်းက ကိုသက် (ခ) ကိုဘိုသက်ကို မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up