မန်ချက်စတာယူနိုက်တက် အရန်အသင်းနည်းပြချုပ်ကို ရာထူးကထုတ်ပယ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အရန်အသင်းနည်းပြချုပ်ဖြစ်သူ ရစ်ကီစဘရာဂီယာ ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အသင်းကို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အတွက် ရည်ရွယ် ထုတ်ပယ်လိုက်တာဖြစ်ပြီး လူငယ်ကစားသမားကောင်းတွေ ပိုမိုထွက်ပေါ်လာဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ အရန်အသင်းနည်းပြ စဘရာဂီယာဟာ အသင်းကို တကျော့ပြန် ရောက်ရှိလာတာ ၂ နှစ်သာရှိသေးပြီး တခြားပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ရင် လူငယ်ကစားသမားကောင်းတွေ ထွက်ပေါ်လာမှု နည်းပါးတာကြောင့် သူ့ကိုထုတ်ပယ်ဖို့ မန်ယူအသင်းက ဆုံးဖြတ်ခဲ့တာပါ။ အသက် ၆၂ နှစ်ရှိ စဘရာဂီယာဟာ ၂၀၀၂ ကနေ ၂၀၀၅ ခုနှစ်အထိ ပထမအကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး ဒါရင်းဖလက်ချာ၊ ကီရန်ရစ်ချတ်ဆန်တို့လို ကစားသမားကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ စဘရာဂီယာဟာ မန်ယူ အရန်အသင်းကနေ ထွက်ခွာပြီးနောက် ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် အသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ စဘရာဂီယာရဲ့ နေရာမှာ အရန်အသင်း နည်းပြဟောင်းတဦးဖြစ်တဲ့ ဝါရန်ဂျွိုက်ကို ခန့်အပ်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up