Home
မြန်မာသတင်း
ရေဖြူမြို့နယ်အတွင်း တူမီးသေနတ် အလက် ၂၀၀ ခန့် လာရောက်အပ်နှံ
DVB
·
May 23, 2019
တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း တူးမီးသေနတ်ကိုင်ဆောင်သူတွေကို အရေးယူမယ်လို့ ကြေညာပြီးနောက် တူမီးသေနတ် ၁၉၃ လက် လာရောက်အပ်နှံခဲ့ကြပါတယ်။ မှုခင်းကျဆင်းရေးအတွက် တူမီးသေနတ်တွေ အမြန်ဆုံး အပ်နှံကြဖို့ အပ်နှံခြင်းမရှိဘဲ ကိုင်ဆောင်ပါက အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက မေလ ၂၁ ရက်နေ့မှာ ကြေညာပြီးနောက် အခုလို လာရောက်အပ်နှံခဲ့ကြတာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ရေဖြူမြို့နယ် ဧကနိကျေးရွာအပါအ၀င် ၄ ရွာမှ လာရောက်အပ်နှံတဲ့ တူမီးသေနတ် အလက် ၅၀၊ ကံပေါက်နယ်မြေ ဖားချောင်းကျေးရွာအပါအ၀င် ၃ ရွာမှ တူမီးသေနတ် ၃၅ လက်၊ အုန်းပင်ကွင်းကျေးရွာမှ တူမီးသေနတ် ၆ လက်၊ ကျွဲသုံးညီမကျေးရွာအပါအ၀င် ၇ ရွာမှ တူမီး သေနတ် ၁၀၂ လက်၊ စုစုပေါင်း ၁၉၃ လက်တို့အား အပ်နှံခဲ့ကြပြီး ရေဖြူမြို့မရဲစခန်းနဲ့ ကံပေါက်နယ်မြေရဲစခန်းမှာ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024