ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 22, 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၈၃၉၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၃၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၁၀၃၀၀၀ ကနေ ၁၀၄၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၁၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲထောပတ်
မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆ ဒသမ ၂၅ ပိသာဝင် တအိတ်ကို ၉၈၀၀၀ ကနေ ၁၀၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၆၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
စီပီပြောင်း
မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိသာဝင် တအိတ်ကို ၂၀၅၀၀ ကနေ ၂၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စီပီပြောင်းတအိတ်ကို ၂၂၁၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁၁၀၀ ကျပ် ဈေးကွာခြားပါတယ်။
ကုလားပဲ (ဟော်လန်)
ပေါင်းတည်ကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) က ၆၀ ပိသာဝင်တအိတ်ကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) တအိတ်ကို ၈၂၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပေါင်းတည်နဲ့ ဆင်ဖြူကျွန်း ကုန်စည်ဒိုင် ၇၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပန်းဂေါ်ဖီ
သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတပွင့်ကို ၅၀၀ ကနေ ၈၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတပွင့်ကို ၆၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျသွားပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၁၅၀ ကျပ် ဈေးကွာခြားပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA