Home
မြန်မာသတင်း
မုံရွာမြို့တွင် ဂတ်စ်အိုးအရောင်းဆိုင် မီးလောင်
Aung Ko Latt
·
May 22, 2019
  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ နယ်မြေ ၇ မှာ မေလ ၂၂ ရက် မနက် ၃ နာရီက  Super Top ဂတ်စ်အိုးအရောင်းဆိုင် မျက်နှာကြက်မှာ တပ်ဆင်ထားတဲ့ ပန်ကာ အပူလွန်ကဲရာကနေ မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ၁၄ ပေ ပတ်လည် သွပ်မိုးသွပ်ကာ၊ အုတ်ခင်း အဆောက်အဦ ၁ လုံး၊ ဂတ်စ် ၅ ပိဿာနဲ့ ပန်ကာတို့ မီးထဲပါသွားပြီး  ကာလတန်ဖိုး ကျပ် ၇၀၀၀၀ ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အနီးပတ်ဝန်းကျင်ကို မီးကူးစက်မှုမရှိခဲ့သလို ဂတ်စ်အိုး ပေါက်ကွဲတာတွေလည်း မရှိခဲ့ဘဲ လူ၇၀ ဝန်းကျင်က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ မိနစ်ပိုင်းအတွင်း မီးငြိမ်းသွားပြီး လူတွေလည်း ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ မြို့နယ် မီးသတ် ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာ သုံးစွဲခဲ့တဲ့ ဝေဖြိုး (၂၃ နှစ်)ကို မုံရွာနယ်မြေရဲစခန်းက  ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024