A d v e r t i s e m e n t With Us

ပေါ့ဂ်ဘာ ရီးရဲလ်သို့ ပြောင်းလာလျှင်လည်း ပွဲထွက်ခွင့်အတွက် မစိုးရိမ်ဟု တိုနီခရူးစ် ပြော

ရီးရဲလ်အသင်းကို ပေါ့ဂ်ဘာ ပြောင်းရွှေ့လာရင်လည်း ပွဲထွက်ခွင့်အတွက် စိုးရိမ်စရာ မရှိဘူးလို့ ရီးရဲလ်ကွင်းလယ်လူ တိုနီခရူးစ်က ပြောကြားလိုက်ပါတယ်။ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ပေါ့ဂ်ဘာ ရီးရဲလ်အသင်းကို ရောက်လာမယ်ဆိုရင် ကစားတဲ့နေရာတူတဲ့ တိုနီခရူးစ်အနေနဲ့ ပွဲထွက်ခွင့် ပျောက်ဆုံးနိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာ ခရူးစ်က ပြန်လည်ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ခြေစွမ်းကို သဘောကျပေမယ့်လည်း အကောင်းဆုံးခြေစွမ်းကို ဆက်ထိန်းထားမယ်ဆိုရင် စိုးရိမ်စရာ မရှိဘူးလို့ ခရူးစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်ကတည်းက မိမိရဲ့ခြေစွမ်းကို ဆက်ပြီး ထိန်းထားနိုင်ခဲ့တဲ့အတွက် ပေါ့ဂ်ဘာ ရောက်လာလည်း အပြောင်းအလဲရှိနိုင်မှာ မဟုတ်ဘဲ ပွဲထွက်ခွင့်အတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ခရူးစ်က ဆိုပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ကစားသမားကောင်းတဦး ဖြစ်ပြီး မိမိဟာ ဝင်ငွေကောင်းတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း အမ်ဘာပီကို ခေါ်ယူဖို့ မတတ်နိုင်ကြောင်းနဲ့ အသင်းကိုပဲ မေးမြန်းသင့်တယ်လို့ ခရူးစ်က ဆက်ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up