ချဲလ်ဆီးအသင်းက ဟာဇက်ကို ထွက်ခွင့်ပြုမည်

ချဲလ်ဆီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက်  ဟာဇက်ကို ထွက်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၈၇ သန်းခန့်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဟာဇက်ကိုယ်တိုင်ကလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ကိစ္စ ဆွေးနွေးမှုမရှိတော့ဘဲ အသင်းပြောင်းရွှေ့လိုနေပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ပြောဆိုထားပါတယ်။ ချဲလ်ဆီးအသင်းဟာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရပေမယ့်လည်း ဥရောပ ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ကျော်လွန်ခြင်းမရှိဖို့ သတိထားနေရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂိုးသမား ကီပါ၊ ကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ တောင်ပံကစားသမား ပူလီဆစ်တို့အတွက် ပေါင်သန်း ၂၀၀ နီးပါး ငွေကြေးသုံးစွဲထားသလို တိုက်စစ်မှူး ဟီဂူအင်အတွက်လည်း အငှားခေါ်ထားလို့ ငွေကြေးကုန်ကျ များခဲ့တာပါ။ အဲဒီအခြေအနေတွေကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က ကန့်သတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် ဟာဇက်ကို ရောင်းချမှ အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up