ဝေးလ်တက္ကသိုလ်ကျောင်းသားအသင်းတသင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ် ဝင်ခွင့်ရ

ဓာတ်ပုံ - [email protected]
ဝေးလ်ပရီးမီးယားလိဂ်က တက္ကသိုလ်ကျောင်း အသင်းလေးတသင်းဟာ ယူရိုပါလိဂ် ပလေးအော့ဖ်အဆင့်မှာ အနိုင်ရသွားတဲ့အတွက် အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ် ဝင်ကစားခွင့် ရရှိသွားပါတယ်။ PHD ကျောင်းသားတွေ၊ တက္ကသိုလ်နည်းပြတွေနဲ့ ဖွဲ့စည်းထားတဲ့ ကာဒစ်မက် တက္ကသိုလ်အသင်းဟာ ဝေးလ်ပရီးမီးယားလိဂ်မှာ အဆင့် ၇ ပဲ ရရှိခဲ့ပေမယ့် ယူရိုပါလိဂ် ဝင်ခွင့်ရဖို့အတွက် ပြိုင်ဘက်သုံးသင်းနဲ့ ပလေးအော့ဖ်ကစားခွင့် ရရှိခဲ့တာပါ။ ပလေးအော့ဖ်ဗိုလ်လုပွဲမှာ အဆင့် ၆ က ဘယ်လာတောင်းအသင်းနဲ့ တွေ့ဆုံခဲ့ပြီး သရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူရာမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး သမိုင်းတလျှောက် ယူရိုပါလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ခွင့်ရရှိသွားတာ ဖြစ်ပါတယ်။ ကာဒစ်မက်တက္ကသိုလ်ကျောင်းသားအသင်း အနေနဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲ ပထမအဆင့်ကနေ စတင်ကစားရမှာဖြစ်ပြီး အုပ်စုအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ခြေစစ်ပွဲ ၄ ဆင့်ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up