Home
ရုပျသံ
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားရုံးထုတ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား (ရုပ်သံ)
ပြည့်ဘုန်းအောင်
·
May 20, 2019
တပ်မတော်ကနေ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသား လူငယ်တွေကို ဒီကနေ့ ပထမဆုံးအကြိမ်ရုံးထုတ်မှာ မိသားစုဝင်တွေ၊ ဝန်းရံသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ တရားရုံးထုတ်ချိန် မွန်းလွဲ ၁ နာရီ အရောက်လာဖို့ တရားသူကြီးက မှာထားပေမယ့် ဖမ်းဆီးခံကျောင်းသားတွေကို လက်ထိတ်ခတ်တာကြောင့် ညနေ ၃ နာရီကျော်မှ တရားရုံးကို ရောက်လာတာလို့ ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တွေက ပြောကြားပြီး အချုပ်ကားပေါ်ကအဆင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။ ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဝင် ၇ ဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ တပ်မတော်ရေတပ် ဒုဗိုလ်မှူးကြီးက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တို့နဲ့ တရားစွဲဆိုထားတာပါ။ ဒေါင်းတို့မျိုးဆက်အဖွဲ့က အခြားအဖွဲ့ဝင် ၅ ယောက်ဟာလည်း ပုဒ်မ ၅၀၅ (က) နဲ့ မရမ်းကုန်းတရားရုံးမှာ တရားစွဲဆိုခံထားရပြီး အင်းစိန်ထောင်မှာ ဧပြီလကတည်း ဖမ်းဆီးခံ ထားရတာပါ။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ပြီးခဲ့တဲ့သင်္ကြန်တွင်း ဖျော်ဖြေမှုတွေနဲ့ လူမှုကွန်ရက် ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ခဲ့မှုတွေက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး တပ်မတော်က တရားစွဲဆိုခဲ့တာပါ။ ရုပ်သံ- ပြည့်ဘုန်းအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024