အမေရိကန်စစ်သင်္ဘောများ စစ်ရေးလေ့ကျင့်သည့် ရုပ်သံဖိုင် ထုတ်ဖော်ပြသ

1.8K
အာရေဗျပင်လယ်ပြင်မှာ အခုနှစ် မေလ ၁၇ ရက်ကနေ ၁၈ ရက်အထိ အမေရိကန် စစ်သင်္ဘောတွေ ပူးပေါင်း စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံဖိုင်ကို အမေရိကန်ရေတပ်က မေလ ၁၉ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။
USS အေဘရာဟင် လင်ကွန်း လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု (ABECSG) နဲ့ ခီးယားဆာ့ဂ်ျ ကုန်းရေနှစ်သွယ် တိုက်သင်္ဘောအုပ်စု (KSGARG) တို့ဟာ ပြည်ပစစ်ဆင်ရေး ကမ်းတက် မရိမ်းတပ်မဟာ ၂၂ နဲ့အတူ စစ်မြေပြင် နေရာအတော်များများမှာ ပူးပေါင်းစစ်ဆင်ရေး နည်းဗျူဟာ တိုးတက်ဖို့ စစ်ရေးလေ့ကျင့်ခဲ့ကြတယ်လို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်တခုက ပြောပါတယ်။
အမေရိကန်ဟာ အဲဒီသင်္ဘောတွေကို အရှေ့အလယ်ပိုင်း ဒေသမှာ နေရာချထားခဲ့ပြီး ဒါဟာ ဒေသတွင်း အမေရိကန်တပ်ဖွဲ့တွေကို အီရန်ရဲ့ ခြိမ်းခြောက်မှုရန်ကနေ တုံ့ပြန်ဖို့ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ရဲ့ အဲဒီလုပ်ရပ်ဟာ စိတ်ဓာတ်ရေးရာစစ်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး နိုင်ငံရေး ကစားပွဲတခု ဖြစ်တယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။