အီဂျစ်တွင် ကမ္ဘာလှည့်ခရီးသည် ဘတ်စ်ကား ဖောက်ခွဲခံရ၊ ၁၂ ဦးထက်မနည်း ဒဏ်ရာရ

ဓာတ်ပုံ - Reuters
အီဂျစ်နိုင်ငံ ဂီဇာပိရမစ်တွေနားက ဆောက်လက်စပြတိုက်တခုနားမှာ မေလ ၁၉ ရက်က ကမ္ဘာလှည့်ခရီးသည်တွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားတစီး ပစ်မှတ်ထား ဖောက်ခွဲခံရတာကြောင့် လူ ၁၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူ အများစုဟာ နိုင်ငံခြားသား ခရီးသည်တွေ ဖြစ်ကြပြီး တောင်အာဖရိက နိုင်ငံသားတွေလည်း ပါတယ်လို့ လုံခြုံရေးဝန်ထမ်းတယောက်က ပြောပါတယ်။ ပေါက်ကွဲသံအကျယ်ကြီး ကြားခဲ့ရပြီး လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးဘူးလို့ အခင်းဖြစ် နေရာနားက မျက်မြင်သက်သေ တယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။ ပြတင်းပေါက်တွေ ပျက်စီးနေပြီး မှန်ကွဲစတွေ ပြန့်ကြဲနေတဲ့ ဘတ်စ်ကားတစီးရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက် မီဒီယာစာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

More News
Up