Home
မြန်မာသတင်း
မိုး​ခေါ်​ပွဲ ​(​ခေါ်) ပအိုဝ်းရိုးရာ မီးလုံးပွဲ ပြုလုပ်
DVB
·
May 20, 2019
နှစ်​စဉ်​ ကျင်းပမြဲဖြစ်​တဲ့ ပအိုဝ်းရိုးရာ မိုး​ခေါ်ပွဲ (လူးဖဲုင်​) ​ခေါ် မီးလုံး လွှတ်​တင်​ပူ​ဇော်​ပွဲကို ​မေလ ၁၉ ရက်က​ ​တောင်​ကြီးမြို့ ဘန့်​​ကွေး​ကျေးရွာအုပ်​စု ​မြေနီကုန်းရွာမှာ ကျင်းပ​ခဲ့ကြပါတယ်။ ဒီလို မိုး​ခေါ်ပွဲ မီးလုံးပွဲ တ​နည်း ဒုံးလွတ်​ပွဲဟာ ရှမ်းပြည်​နယ်​ ​တောင်​ပိုင်း ပအိုဝ်း​ဒေသမှာသာ ကျင်းပပြုလုပ်​ကြတာလို့ ပွဲကော်မတီ ဦးချစ်စိန်က ပြောပါတယ်။ ​လူးဖဲုင်​ ​ခေါ် မီးလုံးဟာ သံလုံး​နဲ့ပြုလုပ်​တာဖြစ်​ပြီး အရှည်​​လေး​ပေ၊ အကျယ်​ သုံးလက်​မ ရှိပါတယ်​။ မီးလုံးတ​လုံးကို ဝင်​​ကြေး ၂ ​သောင်းသတ်​မှတ်​ပြီး ရလာတဲ့ ရန်​ပုံ​ငွေကို ဘုရား​စေတီ၊ ဘုန်းကြီးကျောင်း ပြုပြင်​မွမ်းမံမှုအတွက် ​ပြန်​လုပ်​ကြပါတယ်​။ မီးလုံးလွှတ်​တင်​ရာမှာလည်း ပြိုင်​ပွဲနဲ့ကျင်းပတာဖြစ်​ပြီး ဂိုးဝင်​သူနဲ့ အ​ဝေးဆုံး​ရောက်​သူကို ပထမဆု ရရှိမှာဖြစ်​ပါတယ်​။ ဒီမီးလုံးပွဲဟာ ပအိုဝ်းလူမျိုးအတွက်​ စည်းလုံးညီညွတ်​မှုဖြစ်​​စေသလို တနယ်​နဲ့တနယ်​၊ တရွာနဲ့တရွာ ခင်​မင်​ရင်းနှီးမှု​တွေဖြစ်​​စေပါတယ်​။ ​မြေနီကုန်းရွာ မီးလုံးပွဲဟာ နှစ်​စဉ် ကဆုန်​လပြည့်နေ့က စတင်​တာဖြစ်​ပြီး မီးလုံးအနည်းအများ​ပေါ် မူတည်​ပြီး ရက်​​တွေကြာသွားတာ ရှိပါတယ်​။ ဒီနှစ်​မှာ​တော့ မီးလုံး ၃၀ေ​ကျာ် ​လာ​ရောက်​ယှဉ်​ပြိုင်​တဲ့အတွက်​ နှစ်​ရက် ​လွှတ်​တင်​ရတာဖြစ်​ပါတယ်​။ မီးလုံးလွတ်​တင်​ရာမှာ အနည်းဆုံး ၃ မိုင်​ အ​ဝေးသွားနိုင်​သလို မီးဆရာ ​တီထွင်​ဆန်းသစ်​မှု​ပေါ်မူတည်​ပြီး ၄၊ ၅ မိုင်​ထိသွားတယ်​လို့ဆိုပါတယ်​။ ပအိုဝ်း​ကျေးရွာတိုင်းမှာ မီးလုံးပွဲ ပြုလုပ်​ချင်​ကြ​ပေမယ့် လွှတ်​တင်​မယ့်​နေရာ ရွာနဲ့လွတ်​ကင်းမှု မရှိတဲ့အတွက်​ မလုပ်​ရတဲ့ ရွာ​တွေလည်း အများအပြားရှိ​နေပါတယ်​။ အထူးသဖြင့် ဘုရား​စေတီမှာ ပြုလုပ်​တဲ့ပွဲဖြစ်​ပြီး ဥပုသ်​​နေ့ဖြစ်​တဲ့ လပြည့်၊ လကွယ်​နဲ့ လဆန်း၊ လဆုတ်​ ၈ ရက်​​နေ့​တွေမှာ ပြုလုပ်​ကြတာပါ။ ပွဲကို ​နွေရာသီမှာ ပြုလုပ်​တာဖြစ်​ပြီး ဝါမဝင်​ခင်​အထိ တ​ရွာပြီး တရွာ ပြုလုပ်​ကြတယ်​လို့ သိရပါတယ်​။ ခွန်​ရာဇာ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024