မန်ယူနည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ပြီး အယ်လီဂရီနှင့် အစားထိုးရန် စတိဗ်နီကိုးလ်ပြော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိနည်းပြ အိုလေးဂန်နာ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ပြီး ဂျူဗင်တပ်နည်းပြ အယ်လီဂရီနဲ့ အစားထိုးသင့်ကြောင်း လီဗာပူး နောက်ခံလူဟောင်းနဲ့ ESPN ရဲ့ ဘောလုံးသုံးသပ်သူ စတိဗ်နီကိုးလ်က ပြောပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၆ နေရာသာ ရရှိခဲ့တာကြောင့် နည်းပြ ဆိုးလ်ရှားလည်း ဝေဖန်မှုတွေ ခံနေရပြီး လာမယ့်ရာသီ အသင်းလက်မဲ့ဖြစ်နေတဲ့ အီတလီနည်းပြ အယ်လီဂရီကို ခေါ်ယူဖို့ ပရိသတ်တွေက လိုလားနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းကို ဖလားတွေရရှိအောင် ဆွတ်ခူးပေးနိုင်တဲ့အပြင် ကစားသမားတွေကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ သင်ကြားပြသပေးနိုင်သူ ဖြစ်တာကြောင့် ယူနိုက်တက်ကို တကျော့ပြန် အောင်မြင်မှုရရှိရေး စွမ်းဆောင်နိုင်မယ်လို့ နီကိုးလ်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းက မလိုအပ်တော့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကိုလည်း ယူနိုက်တက်အနေနဲ့ ခေါ်ယူသင့်တယ်လို့ ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up