Home
မြန်မာသတင်း
ခန္တီးမြို့တွင် ဖွဲ့စည်းပုံပြင်​ဆင်​​ရေး လူထုထောက်ခံပွဲ ပြုလုပ်
DVB
·
May 19, 2019
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး လူထု ထောက်ခံပွဲကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ လူအင်​အား ၅၀၀ လောက်က ကင်းတော်ကူးတို့ဆိပ်ကနေ ကမ်းနားလမ်း၊ ဈေးလမ်း၊ ဘုရက့်နောင်လမ်း ကနေလမ်းလျှောက်လာခဲ့ပြီး မြို့တွင်းလှည့်လည်​ ​ဆန္ဒပြခဲ့ကြတာပါ။ ”ပြည်​သူ့ဆန္ဒမပါဘဲ ​ရေးဆွဲထားတဲ့ ၂၀၀၈ အ​ခြေခံဥပ​ဒေကို ပြည်​သူ့ဆန္ဒနဲ့ ထပ်​တူကျ​အောင် ပြင်​ဆင်​​စေချင်​ပါတယ်​။ ခြေခံဥပဒေပြင်ဆက်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်၊ လိုလားနေတဲ့ ငြိမ်းချမ်းရေးကို အခြေခံဥပဒေပြင်နိုင်မှရမယ်လို့ လူထုထောက်ခံပွဲ ဦးဆောင်ကော်မတီမှ ဦးမောင်ဆန်းက ပြောပါတယ်။ ခန္တီးမြို့ဘောလုံးအားကစားကွင်းမှာ စာ​ရေးဆရာ ထင်​လင်းဦးနဲ့​ တောင်​လုံးပြန်တို့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွေကို နိုင်ငံတဝန်း မြို့အတော်များများမှာ ကျင်းပနေကြပါတယ်။ သတင်း၊ ဓာတ်ပုံအောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024