Home
မြန်မာသတင်း
ရွှေဘို ကဆုန်ညောင်ရေသွန်းပွဲတော် လူ ၁ သောင်းကျော် လာရောက်
DVB
·
May 19, 2019
စစ်​ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့မှာ နှစ်​စဉ်​ကျင်းပလာခဲ့တဲ့ ​ညောင်​​ရေသွန်းပွဲ​တော်​မှာ ကဆုန်​လပြည့်နေ့မှာ မြို့ခံလူထု ၁ သောင်း​ကျော်​ စု​ပေါင်း​ညောင်​​ရေသွန်း​လောင်းခဲ့ကြပါတယ်​။ ​ရွှေဘိုမြို့​ပေါ်မှာ ရပ်​ကွက်​​ပေါင်း ၁၀ ရပ်​ကွက်​ရှိပြီး တရပ်​ကွက်​ခြင်းဆီအလိုက်​ ရပ်​ကွက်​အုပ်​ချုပ်​​ရေးအဖွဲ့အစည်းတွေနဲ့ လူမှု​ရေးအဖွဲ့အစည်းတွေက ဦး​ဆောင်​ကျင်းပကြတာပါ။ ​ရွှေဘိုမြို့မှာ အခြား​ဒေသတွေနဲ့မတူဘဲ ကဆုန်​လဆန်း ၁၃ ရက်​​နေ့က ​မြို့ရဲ့​တောင်းဘက်​ပိုင်းမှာတည်​ရှိတဲ့ ​ရွှေတန်​ဆာဘုရား ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​ကို ​မြောက်​တံခါးမှာရှိတဲ့​ မော်​​ဓောမြင်​သာမြို့​ဒေါင့် ​စေတီ​တော်​မြတ်​ဆီကို ကရဝိတ်​ ​ဝေါယာဉ်​နဲ့ ရပ်​ကွက်​​တွေ အလှည့်ကျထမ်းပြီး ပင့်​ဆောင်​ကြတာပါတယ်။ ရွှေတန်​ဆာဗုဒ္ဓရုပ်​ပွား​တော်​မြတ်​ကို မြို့​ဒေါင့်စေတီ​တော်​​ပေါ်မှာ တ​ညအိပ်​ကိန်းဝပ် ​စံ​ပယ်​​အပူ​ဇော်​ခံထားပြီး ကဆုန်​လပြည့်နေ့မနက်​ပိုင်းမှာ ဖူး​မြော်​ကြည်​ညိုလာ​ရောက်​သူ​တွေကို စတုဒီသာ အ​ကျွေးအ​မွေးတွေနဲ ဧည့်​ခံ​ကျွေး​မွေးခဲ့ကြပါတယ်။ လပြည့်​​နေ့ ည​နေပိုင်းမှာ ကိန်းဝပ်​စံပါယ်​​နေတဲ့ ရုပ်​ပွား​တော်​မြတ်​ကို သက်​ဆိုင်​ရာ ရပ်​ကွက်​အမျိုးသားတွေက ​ဝေါယာဉ်​နဲ့ အလှည့်ကျြပန်​လည်​ပင့်​ဆောင်​ကြရာ မြို့တွင်းလမ်းတ​လျောက်​က ဖူး​မြော်​ ​ရေသပ္ပါယ်​ကြပြီး စတုဒီသာများလည်း လမ်းတလျှောက်​​ ကျွေး​မွေးဧည့်ခံကြပါတယ်​။ ကဆုန်​​ညောင်​​ရေသွန်းပွဲ​တော်​ကို နှစ်​စဉ်​ကျင်းပလာခဲ့တာ နှစ်​​ပေါင်းတရာ​ကျော်​ခဲ့​ပြီ ဖြစ်ပြီး အခုနှစ်မှာ စစ်​ကိုင်းတိုင်းဝန်​ကြီးချုပ်​​ဒေါက်​တာမြင့်နိုင်လည်း​ မြို့သူမြို့သားတွေနဲ့အတူ တက်​​ရောက်​ ​ညောင်​​ရေသွန်းခဲ့ပါတယ်​။ ​အောင်​စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024