Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံ မိုးရေးတွင် မီးလောင်၊ မြန်မာမီးသတ်ကားများ ၀ိုင်းဝန်းငြှိမ်းသတ်
DVB
·
May 18, 2019
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲက မိုးရေးမြို့မှာ မေ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက စက်သုံးဆီအရောင်းဆိုင်ငယ် မီးလောင်ခဲ့ပြီး နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံ တမူးမြို့က မီးသတ်တွေ သွားရောက်ကူညီငြှိမ်းသတ်ခဲ့တယ်လို့ တမူးမြို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။ မိုးရေးမြို့ အာရှပတ် လမ်းမကြီးဘေးက လမ်းအမှတ် ၈ စက်​သုံးဆီအရောင်းဆိုင်၊ အချိုရည်​၊ ယမကာ နဲ့ အဝတ်​အထည်​ဆိုင်​အတွင်း ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး စက်သုံးဆီဆိုင်ကနေတဆင့် ကူးစက်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကို တမူးခရိုင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ယာဉ် ၂ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းတဲ့အထိ ကူညီငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင် ဓာတ်ပုံ- ကဘော်ဆုသန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024