Home
မြန်မာသတင်း
နာဂလက်နက်ကိုင် (NSCN-K) အဖွဲ့ဝင် ၆ ဦးကို တပ်မတော် တရားစွဲ
DVB
·
May 17, 2019
နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) အဖွဲ့ဝင် ၆ ဦးကို တပ်မတော်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ-၁၇(၁) နဲ့ တရားစွဲပြီး  မေလ၁၆ရက်က စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မရဲစခန်းမှာ အမှုဖွင့် လိုက်ပါတယ်။ နန်းယွန်းမြို့နယ် တကားကျေးရွာမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ NSCN-K ဗိုလ်မှူးအဆင့်အပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးတရားစွဲခံနေရသူတွေကတော့ ဗိုလ်မှူးကျားရမ်၊ ဒုဗိုလ်စိုင်းအောင်၊ အရာခံဗိုလ် ဝမ်လက်၊ တပ်ကြီးထွန်းမြင့်၊ တပ်ကြပ်ဆိုင်ဝမ်တို့ဖြစ်ကြပြီး တပ်မတော်ဘက်က ဗိုလ်ကြီးသန့်ဇင်အောင်က တရားလိုပြုလုပ် တရားစွဲထားတာလို့ ခန္တီးမြို့မရဲစခန်း တာဝန်ရှိသူပြောပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်ကတည်းက ဖမ်းထားတာဖြစ်ပြီး အခုမေလ ၁၆ရက်နေ့မှ အမှုစတင်ဖွင့်တာလို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်မတော်သတင်းနှင့် ပြန်ကြားရေးက ဗိုလ်မှူးကြီးသန်းနိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၉ ရက်ကလည်း  ခန္တီးအခြေစိုက် ခလရ (၅၂) တပ် နယ်ရိပ်သာမှာ NSCN-K ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဖြစ်တဲ့  ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအန်ကန့်၊ ဒုဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်နဲ့ ဦးအောင်ဆိုင်းတို့ ၅ ဦး  ဖမ်းဆီးထိမ်းသိမ်းပြီး မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုထားပါတယ်။ နာဂလက်နက်ကိုင် NSCN-K နဲ့ တပ်မတော်တို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် လဟယ်မြို့နယ် ကော်ညှပ်ကျေးရွာမှာ တိုက်တွေဖြစ်ပွားနေတယ်လို့ သတင်းတွေထွက်နေပေမယ့် တပ်မတော် သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးသန်းနိုင်ကတော့ ဘာမှမသိရသေးဘူးလို့ ပြောပါတယ်။ သတင်း- အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024