Live
Home
မြန်မာသတင်း
စဥ့်ကိုင်မြို့နယ်၌ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်
DVB
·
May 17, 2019
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်မှာ သဘာဝဓာတ်ငွေ့သုံး ဘဲလင်းဓာတ်အားပေးစက်ရုံကို  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဓာတ်အား ၁၄၅ မဂ္ဂါဝပ်ထုတ်လုပ်မယ့် ဘဲလင်း ဓာတ်အားပေးစက်ရုံကို ရွှေကမ်း လွန်သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ တရက်ကို ကုဗပေ ၃၀ သန်း အသုံးပြုလည်ပတ်မှာ ဖြစ်ပတယ်။ အဆိုပါစက်ရုံကို  Independent Power Product(IPP), Build - Operate - Own (BOO) စနစ်နဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသားပိုင်ပူးပေါင်းရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ Powergen Kyaukse ကုမ္ပဏီက ၂၀၁၈ ခုနှစ် မေလမှာ စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါတယ်။ ဒီနက်ကျင်းပတဲ့ စက်ရုံ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024