အီဖယ်မျှော်စင်ဖွင့်လှစ်ခြင်း နှစ် ၁၃ဝ ပြည့် အထိမ်းအမှတ် ရောင်စုံမီးအလှဆင်ယင် ပြသ (ရုပ်သံ)
Published By
DVB | 16 May, 2019
1.2K
0
Share
0
Comment
0
Likes
ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အီဖယ်မျှော်စင် ဖွင့်လှစ်တာ အနှစ် ၁၃၀ ပြည့် အထိမ်းအမှတ် အနေနဲ့ မေလ ၁၅ ရက်က မျှော်စင်ကို ရောင်စုံမီးအလင်းရောင်ထွန်းပြီး ပြသခဲ့ပါတယ်။
အမြင့် ၃၂၄ မီတာရှိတဲ့ သံမဏိမျှော်စင်ကို ပြင်သစ်လူမျိုး အင်ဂျင်နီယာ ဂူစတာအီဖယ်က ပုံစံထုတ်ပြီး ၁၈၈၉ ခုနှစ်က Universal Exhibition အတွက် တည်ဆောက်ခဲ့တာပါ။
မျှော်စင်တည်ဆောက်ရေးကာလ ၂ နှစ် ၂ လနဲ့ ၅ ရက် ကြာမြင့်ပြီး လုပ်သား ၃၀၀ ကနေ ၄၅၀ ဝန်းကျင် ပါဝင်ခဲ့ပါတယ်။
အီဖယ်မျှော်စင် တည်ဆောက်ရေးကို အဲဒီခေတ် အဲဒီအချိန်က နည်းပညာမြင့် တည်ဆောက်ရေး ပြယုဂ်အဖြစ် မှတ်ယူကြပါတယ်။
နှစ်စဉ်နှစ်တိုင်း အီဖယ်မျှော်စင်ကို ကမ္ဘာလှည့်ခရီးသည် ၇ သန်း လာရောက်ကြပြီး မျှော်စင်စဖွင့်တဲ့ ၁၈၈၉ ခုနှစ်ကနေ အခုထိ လာရောက်တဲ့ ဧည့်သည်ပေါင်း သန်း ၃၀၀ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။