Home
မြန်မာသတင်း
အလုပ်သမားချင်း သတ်ဖြတ်မှုဖြင့် မြန်မာလူငယ် ၃ ဦး ဖမ်းဆီးခံရ
နန်းမြနဒီ
·
May 16, 2019
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖိကျစ်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အသက် ၂၀ အရွယ် မြန်မာလူငယ် ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကမ်ဖိုင်ဖစ်ခရိုင်ရဲတပ်ဖွဲ့က မေလ ၁၅ ရက်နေ့  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ အသက် ၂၀ အရွယ် ကိုကျော်၊ ကိုလင်းနဲ့ ကိုအောင်ဆိုသူ မြန်မာအလုပ်သမား ၃ ဦးဟာ ဖိကျစ်ခရိုင်မှာ လူသတ်မှုကျူးလွန်ပြီး ကမ်ဖိုင်ဖစ်ခရိုင်မှာ လာရောက်တိမ်းရှောင်နေကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေက ခလောင်းခလုန်မြို့နယ်ရှိ ကြံစိုက်ခင်းတခုထဲမှာ သွားရောက်ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ မေလ ၁၁ ရက်က သူတို့ ၃ ယောက်နဲ့ သေဆုံးသူ (ဦးမောင်ဦး - ၄၀ နှစ်) တို့ဟာ ဖိုးထိပထပ်ချန့်မြို့နယ်၊ နိန်းဆ၀မ်အုပ်စုရှိ ကြံစိုက်ခင်းမှာ အရက်ဝိုင်းဖွဲ့ သောက်စားရင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ဦးမောင်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာပါ။ ဦးမောင်ဦးဟာ ထိုင်းနိုင်ငံကို ရောက်လာတာ ၁ လလောက်ပဲရှိသေးပြီး သူတို့နဲ့အတူ အရက်သောက် အချင်းများရာက ၃ ယောက်လုံးက ၀ိုင်းထိုးနှက်ခဲ့တာလို့ ဖမ်းဆီးခံရသူတွေက ၀န်ခံထားပါတယ်။ သူတို့ ၃ ယောက်ကို အုပ်စုဖွဲပြီး တမင်ကြံရွယ်လူသတ်မှု၊ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်လုပ်မှုတွေနဲ့ အရေးယူ သွားမယ်လို့  ကမ်ဖိုင်ဖစ်ခရိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓာတ်ပုံ-MGR Online
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024