Home
မြန်မာသတင်း
ကျုးဘားတွင် မြန်မာသံရုံးဖွင့်ရန် ကျပ် ၈၅၉ သန်းကျော် တောင်းခံ
ရွှေအောင်
·
May 16, 2019
ကျုးဘားနိုင်ငံ၊ ဟာဗာနားမြို့မှာ မြန်မာသံရုံးဖွင့်လှစ်နိုင်ဖို့ အတွက် သမ္မတရဲ့ အရေးပေါ် ရန်ပုံငွေ ကျပ် ၈၅၉သန်းကျော် သုံးစွဲခွင့်ပြုဖို့ နိုင်ငံခြားရေးဌာနက ပြည်ထောင်စု လွှတ်တော်မှာ တောင်းခံလိုက်ပါတယ်။ ဒီမနက် ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းေ ဆာင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က သံရုံးတည်ဆောက်ဖို့ အရေးပေါ် ရန်ပုံငွေကနေ တောင်းခံရတဲ့အကြောင်းရင်းကို ခုလို ရှင်းလင်းတင်ပြခဲ့ပါတယ်။ “မြန်မာနိုင်ငံနဲ့ ကျူးဘားနိုင်ငံတို့ဟာ ပထ၀ီအနေအထားအရ အလှမ်းကွာဝေးတဲ့အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အခက်အခဲများစွာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျုးဘားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟာဗားနားမှာ သံရုံးယာယီ တာဝန်ခံအဆင့် ဦးဆောင်တဲ့ မြန်မာပြည်က၀န်ထမ်း ၃ဦးနဲ့ မြန်မာသံရုံး အမြန်ဆုံး ဖွင့်လှစ်သွားနိုင်ရေးအတွက် ဆောလျင်စွာဆောင်ရွက်သွားရန် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ကျုးဘားနိုင်ငံခရီးစဉ်အပြီးမှာ မူအားဖြင့် သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်” လက်ရှိ ကျုးဘားနိုင်ငံမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ အာဆီယံနိုင်ငံ အတော်များများရဲ့ သံရုံးတွေ ဖွင့်လှစ်ထားကြပြီး ဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ကျုးဘားနိုင်ငံတို့ဟာ ၁၉၇၆ ခုနှစ်ကတည်းက သံတမန် အဆက်အသွယ် ထူထောင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြား နီးစပ်တဲ့ဆက်ဆံရေး ရှိတဲ့အပြင် ကျုးဘားနိုင်ငံဟာ မြန်မာပြည်အရေးနဲ့ပတ်သက်ရင် အစဉ်တစိုက်ထောက်ခံအားပေးကူညီနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘီနင်၊ တွန်ဂိုနဲ့ တိုဂိုသမ္မတနိုင်ငံ ၃နိုင်ငံနဲ့လည်း သံတမန်ဆက်ဆံရေး ထူထောင်လိုတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024