ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင် ၂၆၀၀ ကျော်ကို အ၀တ်အထည်များ ထောက်ပံ့
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင် ၂၆၀၀ ကျော်ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုးဦးစီးဌာနက အဝတ်အထည်တွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် နယ်ရပ်စွန့်ခွာလာတဲ့ တိုက်ပွဲရှောင်ပြည်သူတွေကို ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မေ ၁၅ ရက် ညနေပိုင်းက အဝတ်အထည်တွေ ထောက်ပံ့ပေးအပ်ခဲ့တာပါ။
ဘူးသီးတောင်မြို့နယ် စေတီတောင်ဘုန်းတော်ကြီးကျောင်း၊ ခွဆုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်ရပ်ကွက် ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ ဒုံးသိမ်ကျေးရွာ ဓမ္မာရုံ၊ စက်ခေါ်ကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ၊ သပိတ်တောင်ကျေးရွာ၊ သိန်းတန်ကျေးရွာ၊ ကြာညိုပြင်ကျေးရွာ စတဲ့ တိုက်ပွဲရှောင် ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ ကျေးရွာ ၅၉ ရွာမှ အိမ်ထောင်စု ၇၅၇ စု၊ လူဦးရေ ၂၆၃၈ ဦးတို့အား ကျားလုံချည် ၇၅၇ ထည်၊ မလုံချည် ၇၅၇ ထည်၊ တီရှပ် ၁၅၁၄ ထည်၊ စောင် ၇၅၇ ထည်တို့ကို ပေးအပ်ခဲ့ပါတယ်။
ကျော်လင်းဦး