ဆီးရီးယားတွင် အစိုးရစစ်တပ် ထိုးစစ်ဆင်နွှဲနေသည့် ဗွီဒီယိုဖိုင် ထုတ်ပြန်
Published By
DVB | 16 May, 2019
2.4K
0
Share
0
Comment
0
Likes
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ဟမ်မာ ဆင်ခြေဖုံးဒေသကို အစိုးရ ထိုးစစ်ဆင်နွှဲနေတဲ့ ဗွီဒီယိုဖိုင်ကို ဆီးရီးယားတပ်မတော်က မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားလေကြောင်းပစ်ကူနဲ့ ဆီးရီးယားတပ်မတော်ဟာ အစ်ဒလစ်နဲ့ အနီးဝန်းကျင် ပြည်နယ်အစိတ်အပိုင်းတွေ အပါအဝင် သူပုန်တွေရဲ့ နောက်ဆုံးခံတပ် တောင်ပိုင်းကို မြေပြင်ထိုးစစ် ဆင်နွှဲနေတာပါ။
ဆီးရီးယားရဲ့ ၈ နှစ်ကြာ စစ်ပွဲအတွင်း ရုရှားက သမ္မတအာဆတ် အစိုးရကို ထောက်ပံ့သလို တူရကီကလည်း သူပုန်တချို့ကို ထောက်ပံ့ခဲ့ပါတယ်။
မကြာသေးခင်က သူတို့ဟာ တိုက်ခိုက်မှုတွေ ထိန်းချုပ်ဖို့ သဘောတူခဲ့ကြပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်တွေက သူပုန်တွေရဲ့ နောက်ဆုံး အမာခံနယ်မြေမှာ အကြမ်းဖက်မှုကြီး ဖြစ်ခဲ့ပြီးနောက် အဲဒီကြိုးပမ်းချက် ထိခိုက်ခဲ့ရပါတယ်။