သီရိလင်္ကာတွင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ်ပြီး လူ ၂၃ ဦးကို ဖမ်းဆီး

ဓာတ်ပုံ - LAKRUWAN WANNIARACHCHI / AFP
999
သီရိလင်္ကာနိုင်ငံမှာ မွတ်စလင်ပိုင် နေအိမ်တွေနဲ့ ဆိုင်တွေကို တိုက်ခိုက်ခဲ့တာနဲ့ ဆက်စပ်ပြီး မေလ ၁၄ ရက်နေ့က ရဲတပ်ဖွဲ့ဟာ လူ ၂၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ဒီသီတင်းပတ်အတွင်း အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ မြို့မှာ သံချပ်ကာယာဉ်တွေနဲ့ စစ်သားတွေ ကင်းလှည့်ခဲ့ပါတယ်။
မွတ်စလင်တွေဟာ အကြမ်းဖက်လူအုပ်ရန်ကနေ လွတ်မြောက်ဖို့ စပါးခင်းတွေထဲ ပုန်းခိုခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ အီစတာပွဲတော် ကျင်းပနေချိန်အတွင်း ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထား အသေခံဗုံးခွဲခဲ့တာကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က သူတို့လုပ်တယ်လို့ ပြောခဲ့ပြီး နောက်ပိုင်း မွတ်စလင်ပိုင် နေအိမ်တွေနဲ့ ဆိုင်တွေကို အကြမ်းဖက်လူအုပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
အခုအခါ အဲဒီအကြမ်းဖက်မှုတွေကို ထိန်းချုပ်နိုင်ပြီလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပေမယ့် နိုင်ငံတဝှမ်း ညမထွက်ရ အမိန့်ကတော့ ဒုတိယညအဖြစ် ဆက်အသက်ဝင်နေမယ်လို့ သူက ဆိုပါတယ်။