VAR အဆုံးအဖြတ်ပေးရန် ဒိုင်လူကြီးကို စောဒကတက်ပါက အဝါကတ် ပြသခံရမည်

ပရီးမီးယားလိဂ် မန်နေဂျာတွေနဲ့ ကစားသမားတွေဟာ VAR အဆုံးအဖြတ်ပေးဖို့ လက်ဟန်အမူအယာနဲ့ ဒိုင်လူကြီးကို စောဒကတက်ခဲ့မယ်ဆိုရင် အဝါကတ် ပြသခံရတော့မယ်လို့ သိရပါတယ်။ VAR စနစ်ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ စတင်ကျင့်သုံးမှာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ မကြာခဏဆိုသလို ဒိုင်လူကြီးအပေါ် ဖိအားပေးမှုတွေကို မြင်တွေ့ရတာကြောင့် အခုလို စည်းကမ်းထပ်တိုးလိုက်တာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ VAR စနစ်ကို တွင်တွင်ကျယ်ကျယ် စတင်အသုံးပြုနိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာကတည်းက အငြင်းပွားဖွယ် ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စည်းကမ်းတွေ ထပ်ဖြည့်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ VAR စနစ်အရ အဆင့် ၆ ဆင့်နဲ့ ကွင်းလယ်ဒိုင်က အရေးယူ ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်ပြီး ကွင်းအတွင်း အငြင်းပွားဖွယ် ဖြစ်ရပ်တွေ၊ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို လျှော့ချနိုင်ဖို့ ကျင့်သုံးမှာလည်း ဖြစ်ပါတယ်။

More News
Up